ပဲခူးမြို့ ဆုတောင်းပြည့်ဆံတော်ရှင်ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ (၄၄)ကြိမ်မြောက်မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲ ကျင်းပမည်

ပဲခူး အောက်တိုဘာ ၂၆

ပဲခူးမြို့ ဆုတောင်းပြည့်ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၄၄)ကြိမ်မြောက် မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲကို နိုဝင်ဘာ၃ရက် ညနေ(၆)နာရီတွင် အဆိုပါစေတီတော်မြတ်ကြီး ရင်ပြင်တော်မြောက်ဘက်ထောင့်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။ 

မသိုးသင်္ကန်းများကို ဂေါတမီစင်တော်၊ ယသော်ဓရာစင်တော်၊ ဝိသာခါစင်တော်၊ ရှင်စောပုစင်တော်နှင့် ရာဇဓာတုကလျာစင်တော်စသည့် ရက်ကန်းအဖွဲ့များက ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ရက်ကန်းစင်ငါးစင်မှ ယှဥ်ပြိုင်ရက်လုပ်ထားသည့် မသိုးသင်္ကန်းများအား ဒိုင်အဖွဲ့များက စည်းမျဉ်းစည်းကမ်းများနှင့်အညီ အမှတ်ပေးအကဲဖြတ် ရွေးချယ်ဆုချီးမြှင့်၍ ပြိုင်ပွဲဝင်ရက်ကန်းစင်များမှ ရက်လုပ်ခဲ့သည့် မသိုးသင်္ကန်းများကို နိုဝင်ဘာ ရက် (တန်ဆောင်မုန်းလပြည့်နေ့) နံနက် ၄နာရီတွင် ဆုတောင်းပြည့်ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီးအား လက်ယာရစ်သုံးပတ်လှည့်လည်ပူဇော်ပြီး စေတီတော်မြတ်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဆက်ကပ်လှူဒါန်းပူဇော်မည်ဖြစ်ကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)