ထန်းတပင်မြို့နယ်တွင် မိုးစပါးစံကွက်ရိတ်သိမ်းခြင်းအခမ်းအနား ကျင်းပ

ထန်းတပင်(ပဲခူး)  အောက်တိုဘာ ၂၅

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ကွင်းအမှတ်(၄၅၅)၊ သူကောင်းဖြစ်ကွင်း၊ ဦးပိုင်အမှတ်(၅၂/၅) ရှိ တောင်သူ ဒေါ်သောင်းရီ၏ ဆင်းသုခစပါးမျိုး စိုက်ခင်းတွင် ယမန်နေ့နံနက်  ၉ နာရီက စံကွက်အရွယ်အစား (၀.၁၀) ဖြင့်မိုးစပါးစံကွက် ရိတ်သိမ်းပွဲအခမ်းအနား ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန  ဒုတိယဦးစီးမှူး ဦးခင်မောင်လွင်နှင့် ဝန်ထမ်းများ၊  စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများကြီးကြပ်မှုကော်မတီဝင်များ၊ တောင်သူများ တက်ရောက်ခဲ့သည်။

ထို့နောက် မိုးစပါးအထွက်နှုန်းစံကွက် (၀.၁၀) ရိတ်သိမ်းရာတွင် တစ်ဧကအထွက်နှုန်း အစိုတင်း (၁၃၂.၅)၊ အခြောက်တင်း (၁၂၃.၂) တင်းနှုန်း ထွက်ရှိခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)