ဧရာဝတီတိုင်းဒေသကြီး

ဘိုကလေးမြို့နယ်တွင် သဘာဝဘေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့နံနက် (၁၁)နာရီအချိန်က မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မျိုးထွန်းက ကျောင်းသား/သူများအား သဘာဝ‌ဘေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်သည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေအစီအဉ်ဖြင့်ဆောင်ရွက်သော ဝယ်ကြိတ်လုပ်ငန်းရှင်များမှ မိုးစပါးစိုက်ပျိုးသည့် တောင်သူများအား သွင်းအားစုဓာတ်မြေသြဇာပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၌ ၂၀၂၆ - ၂၀၂၇ ခုနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေအစီအစဉ်ဖြင့်ဆောင်ရွက်သော ဝယ်ကြိတ်လုပ်ငန်းရှင်များမှ မိုးစပါးစိုက်ပျိုးသည့် တောင်သူများအား သွင်းအားစုဓာတ်မြေသြဇာပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံ့နက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ကျောင်းကုန်းမြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ လက်ကမ်းစာစောင်များဖြန့်ဝေ

၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ကျောင်းကုန်းမြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လှိုင်ပို့ပို့ဇင်နှင့်ဝန်ထမ်းများက လိုက်လံဖြန့်ဝေပေးခဲ့ကြသည်။

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ကျင်းပ

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမတွင်ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ဓနုဖြူမြို့နယ်တွင် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ထွန်ယက်မြေခံထည့်သွင်းပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထွန်ယက်မြေခံထည့်သွင်းပွဲကို ယမန်နေ့ နံနက်ပိုင်းက နန်းတော်ကုန်း ကျေးရွာအုပ်စု၊ မြင်းစုကျေးရွာရှိ နည်းပညာပြန့်ပွားရေးစင်တာ၌ ကျင်းပခဲ့သည်။

ငွေဆောင်မြို့တွင် မိုးစပါးစိုက်ဧကလျာထားချက် ပြည့်မီရေးနှင့် ပျိုးထောင်စနစ်ဖြင့် စိုက်ပျိုးစေရေး၊ ကြဲပက်စနစ်ဖြင့် စိုက်ပျိုးမှုလျော့နည်းစေရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင်  မိုးစပါးစိုက်ဧကလျာထားချက် ပြည့်မီရေးနှင့် ပျိုးထောင်စနစ်ဖြင့် စိုက်ပျိုးမှုတိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ ကြဲပက်စနစ်ဖြင့် စိုက်ပျိုးမှု လျော့နည်းစေရေးတို့အတွက် မြို့အုပ်ချုပ်ရေးမှူး၏ ဦးဆောင်မှုဖြင့် မြို့အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဆင်မကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့က ယမန်နေ့ နံနက်ပိုင်းက  ဆင်မကျေးရွာအုပ်စုအတွင်း ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

မြောင်းမြတွင် ရုံးဌာနများ၌ မှိုစိုက်ပျိုးဖြစ်ထွန်းမှုအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု အားပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ကောက်ရိုးမှို၊ ငွေနှင်းမှိုစိုက်ပျိုးနည်း သင်တန်းများပို့ချပေးခဲ့ပြီး ပြည်သူများနှင့် ရုံးဌာနဝန်ထမ်းများက လက်တွေ့အကောင်အထည်ဖော်စိုက်ပျိုးခဲ့ကြရာ ယမန်နေ့ညနေပိုင်းအချိန်က တာဝန်ရှိသူများက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းရှိကောက်ရိုးမှိုစိုက်ပျိုး အောင်မြင်ဖြစ်ထွန်းနေမှုကို ကွင်းဆင်း ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

ဓနုဖြူမြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးမည့် အသင်းသားတောင်သူများသို့ သွင်းအားစုပေးအပ်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် သမဝါယမဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးမည့် အသင်းသားတောင်သူများသို့ သွင်းအားစုပေးအပ်ပွဲ အခမ်းအနားကို ယနေ့ ဇွန်လ ၁၉ ရက်နေ့  နံနက် ၁၁ နာရီအချိန်က တမြာကျေးရွာအုပ်စု၊ ဝါးတန်းကျေးရွာ၊ မင်္ဂလာသုခဘုန်းတော်ကြီး ကျောင်း၌ကျင်းပသည်။

မြန်အောင်ခရိုင်အမျိုးသမီးရေးရာအဖွဲ့မှ ဦးဆောင်၍ အ.ထ.က(၂) နေခြည်ကျောင်းတွင် အသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အမျိုးသမီးရေးရာအဖွဲ့ကဦးဆောင်၍ မြန်အောင် မြို့အ.ထ.က (၂) နေခြည်ကျောင်းတွင် ယ‌နေ့နံနက်က အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။

အခြေခံတိုင်းရင်းဆေးပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် တိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်း၍အခြေခံတိုင်းရင်းဆေးပညာပေးသင်တန်း ဖွင့်ပွဲအခမ်း အနား ကို ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး