ဓနုဖြူမြို့နယ်တွင် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ထွန်ယက်မြေခံထည့်သွင်းပွဲကျင်းပ

ဓနုဖြူ ဇွန် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထွန်ယက်မြေခံထည့်သွင်းပွဲကို ယမန်နေ့ နံနက်ပိုင်းက နန်းတော်ကုန်း ကျေးရွာအုပ်စု၊ မြင်းစုကျေးရွာရှိ နည်းပညာပြန့်ပွားရေးစင်တာ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်က အဖွင့် အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးချစ်ဝင်းနိုင်က မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထွန်ယက်ထည့်သွင်းရခြင်း၏ အကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်းပြောကြားကာ တောင်သူများက သိရှိလိုသည်များအား တင်ပြဆွေးနွေးခဲ့ကြသည်။

ထို့နောက် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထွန်ယက်ထည့်သွင်းခြင်းအား မြင်းစုကျေးရွာရှိ ကွင်းအမှတ်(၁၉၃)၊ တောင်သူ ဦးသန်းစိန်ပါ တောင်သူ(၃)ဦး၏ လယ်မြေ(၁၄)ဧကတွင်ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီ မံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဝင်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနဝန်ထမ်းများ၊ ဒေသခံတောင်သူ(၇၉)ဦး တက်ရောက်ခဲ့ကြပြီး လယ်ယာမြေအတွင်း ကြဲပက်စိုက်ပျိုးထားသော သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ပင်များအား ထယ်ထိုး၍ မြေမြုပ် ထည့်သွင်းသရုပ်ပြမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)