မြန်အောင်ခရိုင်အမျိုးသမီးရေးရာအဖွဲ့မှ ဦးဆောင်၍ အ.ထ.က(၂) နေခြည်ကျောင်းတွင် အသိပညာပေး ဟောပြောပွဲကျင်းပ

မြန်အောင် ဇွန် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အမျိုးသမီးရေးရာအဖွဲ့ကဦးဆောင်၍ မြန်အောင် မြို့အ.ထ.က (၂) နေခြည်ကျောင်းတွင် ယ‌နေ့နံနက်က အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။

ဦးစွာအခမ်းအနားတွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသန့်က ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးပွားရေးအတွက် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဥပဒေအရာရှိ၊ ပညာရေး၊ ကျန်းမာရေးဌာန၊ ပြန်/ဆက်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။

ထို့နောက် မြန်အောင်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်ပတ်သက်၍ အသိပညာ‌ပေးဟောပြောခြင်း၊ ခြင်၊ ယင်ပေါက်ဖွားမှုမရှိ‌စေရန် ကျန်းမာရေးအသိပညာ‌ပေးခြင်းများ ဆောင်ရွက်ပြီး ခြင်၊ ယင်နှင့်ပိုးလောက်လန်းပေါက်ဖွားနိုင်သောနေရာများကို ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဝင်းဗိုလ်(ပြန်/ဆက်)