ဧရာဝတီတိုင်းဒေသကြီး

ငါးသိုင်းချောင်းမြို့၌ အခြေခံပညာမူလတန်းကျောင်း (ရှမ်းတန်း) တစ်ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် အခြေခံပညာမူလတန်းကျောင်း  ရှမ်းတန်း (၉၀ပေ×၃၀ပေ) PL6’ RC တစ်ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈) နာရီအချိန်က ငါးသိုင်းချောင်းမြို့၊ ငဝန်ရပ်ကွက်၊ အ.မ.ကရှမ်းတန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ငါးသိုင်းချောင်းမြို့၌မြို့ အင်္ဂါရပ်နှင့်အညီသန့်ရှင်းသာယာလှပစေရေး ပန်းအလှပင်များ စိုက်ပျိုးခြင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် မြို့အင်္ဂါရပ်နှင့်အညီသန့် ရှင်းသာယာလှပ စေရေးနှင့်စိမ်းလန်းစိုပြေရေးအတွက် ယနေ့နံနက်က မြို့စည်ပင်သာယာရေး အဖွဲ့မှဝန်ထမ်းများက မြို့အတွင်းရှိအောင်ဇေယျလမ်း၊ ဘုရားလမ်းနှင့် မြို့အဝင်ဆိုင်းဘုတ်အနီး၌ ပန်းအလှပင်များစိုက်ပျိုး ဆောင်ရွက်နေကြောင်းသိရသည်။

အင်္ဂပူမြို့နယ်တွင်မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက်  Drum Seederဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊‌ အောက်ရွာကြီး‌ကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာတွင် ယ‌နေ့နံနက်ပိုင်းက ၂၀၂၆-၂၀၂၇ ခုနှစ်မိုးစပါးပန်းတိုင် အထွက်နှုန်း ရရှိရေး အတွက် Drum Seeder ဖြင့်စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲပြုလုပ်ခဲ့သည်။

ဘိုကလေးမြို့နယ်၊ အ.လ.က(၂)ကျောင်း၏ G-9 လူရည်ချွန်အား ထပ်ဆင့်ဂုဏ်ပြု

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ အ.ထ.က(မြင်းကကုန်း)ကျောင်းမှ G-9 ကျောင်းသူ မစုရတီမြင့်နှင့် အ.လ.က(၂)ကျောင်းမှ G-9 ကျောင်းသား မောင်ဇွဲမြတ်ပိုင်လင်းတို့ လူရည်ချွန်(၂)ဦးပေါ်ထွက်ခဲ့ရာ၎င်းတို့အား မြို့နယ်အဆင့်ဂုဏ်ပြုပွဲအဖြစ်ယခုနှစ် မေလ(၁၁) ရက်နေ့က ဆောင်ရွက်ခဲ့ပြီးယနေ့နံနက် (၈)နာရီခွဲ အချိန်တွင် ဘိုကလေးမြို့၊ မြို့တော်ခန်းမ၌ အ.လ.က(၂)ကျောင်းအနေဖြင့် ၎င်းတို့ကျောင်းမှလူရည်ချွန် ဖြစ်သည့် G-9 ကျောင်းသား မောင်ဇွဲမြတ်ပိုင်လင်းအား ထပ်ဆင့်ဂုဏ်ပြုပွဲကျင်းပသည်။

ဘိုကလေးမြို့နယ်တွင် လူငယ်စကားဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ၊ အောင်ဆန်းခန်းမတွင် ယနေ့နံနက် (၁၀)နာရီ အချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကျင်းပဆောင်ရွက်သည်။

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ဒသမနေ့) ကျင်းပ

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ဒသမနေ့) ကို ယမန်နေ့နံနက် (၁၀) နာရီက တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမတွင်ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ တာငါးဆယ်တောင်ရပ်ကွက် ကရင်ကျောင်းလမ်းရှိ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) ဘွဲ့နှင်းသဘင်ခန်းမတွင် ဇွန်လ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီက စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

လပွတ္တာမြို့နယ်၌ လူငယ်နှင့်မူးယစ်ဆေး ပြည်သူ့စကားဝိုင်း ( Public Talk ) ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတွင် “လူငယ်နှင့်မူးယစ်ဆေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ကျိုက်လတ်မြို့နယ်၌ ခွေးရူးပြန်ရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာ‌ရေး ကော်မတီအဖွဲ့ဝင်များ ပူပေါင်း၍ ခွေးရူးပြန်ရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ပန်းတနော်မြို့နယ်၊ ချောင်းကလေးတိုက်နယ်အတွင်းရှိ ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေးကုသမှုများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာကျော်စွာလွင် ဦးဆောင်သည့် အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုဆရာမကြီးများ စုစုပေါင်း (၆၃) ဦး ပါဝင်သည့်အဖွဲ့သည် ပန်းတနော်မြို့နယ်၊ ချောင်းကလေးတိုက်နယ်အတွင်းရှိ ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက် ကုသမှုများဆောင်ရွက်ပေးခြင်းကို ဇွန်လ ၁၈ ရက်နေ့ နံနက်ပိုင်းက ချောင်းကလေးတိုက်နယ်ဆေးရုံ၌ ဆောင်ရွက်ပေးခဲ့သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး