မြောင်းမြတွင် ရုံးဌာနများ၌ မှိုစိုက်ပျိုးဖြစ်ထွန်းမှုအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု အားပေး

မြောင်းမြ ဇွန် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ကောက်ရိုးမှို၊ ငွေနှင်းမှိုစိုက်ပျိုးနည်း သင်တန်းများပို့ချပေးခဲ့ပြီး ပြည်သူများနှင့် ရုံးဌာနဝန်ထမ်းများက လက်တွေ့အကောင်အထည်ဖော်စိုက်ပျိုးခဲ့ကြရာ ယမန်နေ့ညနေပိုင်းအချိန်က တာဝန်ရှိသူများက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းရှိကောက်ရိုးမှိုစိုက်ပျိုး အောင်မြင်ဖြစ်ထွန်းနေမှုကို ကွင်းဆင်း ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

မြောင်းမြမြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြှင့်မားရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်ကိုကိုကကောက်ရိုးမှိုများ ခူးဆွတ်နေမှုအားကြည့်ရှုအားပေးခဲ့ပြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများအား မှိုရုံမှရရှိသော ကောက်ရိုးမှိုများ ခွဲဝေပေးခဲ့ကြောင်းသိရသည်။

ဇေယျာ (ပြန်/ဆက်)