ဘိုကလေးမြို့နယ်တွင် သဘာဝဘေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ဘိုကလေး ဇွန် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့နံနက် (၁၁)နာရီအချိန်က မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မျိုးထွန်းက ကျောင်းသား/သူများအား သဘာဝ‌ဘေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်သည်။

ဟောပြောပွဲသို့ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းသား/သူများ တက်ရောက်ကြပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မျိုးထွန်းက သဘာဝဘေးဖြစ်ပွားရခြင်း၏ အကြောင်းအရင်းများ၊ သဘာဝဘေးအန္တရာယ် အမျိုးအစားများ၊ သဘာဝဘေးဖြစ်ပွားချိန်နှင့် ဖြစ်ပွားပြီးချိန်တို့တွင် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ရှားရမည့်အချက်များအား အသိပညာပေးဟောပြောပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့်အတူ ကျောင်းသား/သူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)