ပုသိမ် ဇွန် ၁၉
ဧရာဝတီတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် တိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်း၍အခြေခံတိုင်းရင်းဆေးပညာပေးသင်တန်း ဖွင့်ပွဲအခမ်း အနား ကို ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကကြီးနှင့်ဥက္ကဋ္ဌကြီးတို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးတိုင်းရင်း ဆေးပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူးက အခြေခံတိုင်းရင်းဆေးပညာပေး သင်တန်းဖွင့် လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက်ဧရာဝတီတိုင်း ဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယကကြီးမှတိုင်းဒေသကြီးတိုင်း ရင်းဆေးပညာဦးစီးဌာနသို့ ဆေးဖက်ဝင်အပင်များပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးတိုင်းရင်း ဆေးပညာဦးစီးဌာနတိုင်းဒေသကြီးဦးစီးမှူးက သင်တန်းသားများအား သင်တန်းအတွက် အခြေခံတိုင်းရင်းဆေးပညာပေး သင်တန်းစာအုပ်များပေးအပ်၍ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ တိုင်းရင်းဆေးပြခန်းသို့ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါသင်တန်းကို ဇွန်လ(၁၉)ရက်နေ့မှ ဇွန်လ(၂၁)ရက်နေ့အထိ သင်တန်းနည်းပြ(၅)ဦးက စာတွေ့လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား(၃၀) ဦး တက်ရောက်သင်ကြား သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)