ဧရာဝတီတိုင်းဒေသကြီး

၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းပေါင်းစုံ အသက်(၁၄)နှစ်အောက် (U-14) ကျောင်းသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းပေါင်းစုံ အသက်(၁၄)နှစ်အောက် (U-14) ကျောင်းသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနားကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၄)ရပ်ကွက်၊ဗိုလ်ချုပ်လမ်းရှိ  မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားတက်ရောက်

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကို ဇူလိုင် ၃ ရက်နေ့ ညနေပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။

မြောင်းမြတွင် မိုးစပါးသီးနှံ ရွှေခရု ကြိုတင်ကာကွယ်နိုင်ရေးနှင့်နှိမ်နှင်းရေးလုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြှင့်မားရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုကို၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် စိုက်ပျိုးရေးဦးစီးဌာနက ဦးဆောင်ကာ မိုးစပါးသီးနှံရွေခရုကြိုတင်ကာကွယ်ရေးနှင့် နှိမ်နင်းရေးလုပ်ငန်းများအား ကျေးရွာနေတောင်သူများနှင့်တွေ့ဆုံကာ ဆွေးနွေးခြင်း၊ ပညာပေးခြင်း၊ ရွှေခရုစုပေါင်းကောက်ယူခြင်းများကို မဒေါ့ပင်ကျေးရွာအုပ်စုရှိ ကွင်းအမည်၊မဒေါ့ပင်အရှေ့ကွင်း၊ ကွင်းအမှတ် (၂၁၉-က)၊ ဦးပိုင်အမှတ်(၉/၇)၊ ဧက (၁၁) ဧကရှိ တောင်သူ ဦးခင်ကြည်ပိုင်ဆိုင်သော လယ်မြေအတွင်း၌ ဇူလိုင် ၃ ရက်နေ့ နေ့လယ် (၃) နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြောင်းမြမြို့ ပြင်ရွာကျေးရွာ၌ "ကျေးလက်ဒေသဖွံ့ဖြိုးရေး" ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် "ကျေးလက်ဒေသဖွံ့ဖြိုးရေး" ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

အမာမြို့ လူထုအခြေပြုဗဟိုဌာန၌ စာစီစာကုံးရေးသားနည်း သင်တန်းပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ လူထုအခြေပြုဗဟိုဌာန၌ စာစီစာကုံး ရေးသားနည်းသင်တန်းကို ယမန်နေ့နေ့လယ် (၁၂)နာရီခွဲအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ် ကွန်စခန်းကျေးရွာတွင် ရွှေခရုနှင့်ဥမြုံများအား ကောက်ယူနှိမ်နင်းပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ကွန်စခန်းကျေးရွာတွင် စပါးစိုက်ခင်းများအတွင်း ရွှေခရုများ ကျရောက်နေသဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ကျေးရွာပြည်သူများက စုပေါင်း၍ လူထုအင်အားဖြင့် ရွှေခရုနှင့် ဥမြုံများ ကောက်ယူနှိမ်နင်းပွဲကို ဇူလိုင်လ ၃ ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ်တွင် မွေးစမှ အသက် (၁)နှစ်ခွဲကလေးများနှင့် ကိုယ်ဝန်ဆောင်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအောက်ရှိ မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ ကျေးလက်ကျန်းမာရေးဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲများတွင် ကျန်းမာရေးဝန်ထမ်းများက မြို့နယ်နှင့် ကျေးရွာများအတွင်းရှိ မွေးစမှ အသက်(၁)နှစ်ခွဲထိ ကလေးများ နှင့် ကိုယ်ဝန်ဆောင်များအား ပုံမှန်ကာကွယ်ဆေးများကို ဇူလိုင် ၃ ရက်နေ့ နံနက်ပိုင်းတွင် ဆက်လက် ထိုးနှံပေးလျက်ရှိသည်။

ဖျာပုံမြို့၌ ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ခရိုင်သစ်တောဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးစိန်မိုးနှင့်ဝန်ထမ်းများမှ ဦးဆောင်၍ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရန်၊ ရာသီဥတုမျှတပြီးအပူချိန်ထိန်းညှိပေးရန်၊ သစ်တောသယံဇာတ ရေရှည်တည်တံ့စေရန်၊ ဂေဟစနစ်နှင့် ဇီဝမျိုးစုံ မျိုးကွဲများအား ထိန်းသိမ်းရန်နှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင်လ ၄ ရက်နေ့ နံနက် (၈)နာရီခွဲအချိန်က ဖျာပုံမြို့ အမှတ်၊ (၁၈)ရပ်ကွက်ကန်တော်ကြီးကန်ဘောင်တွင် ကျင်းပစိုက်ပျိုးခဲ့ကြသည်။

ဖျာပုံမြို့၌ ဒေသခံ တောင်သူများသို့ သွင်းအားစုပေးအပ်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မြို့နယ်သမဝါယမဦစီးဌာနမှ တာဝန်ရှိသူများသည် မိုးစပါးစိုက်ပျိုးသည့် သမဝါယမ အသင်းဝင်ဒေသခံတောင်သူများသို့ သွင်းအားစု ဓာတ်မြေသြဇာပေးအပ်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့ သမဝါယမအသင်းစုရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

မိုးရာသီ ဧရာဝတီမြစ်ရေတက်ချိန်တွင် မြန်အောင် ရေကာတာတစ်လျှောက် ရေကင်းစခန်း(၈) ခုထားရှိ၍ တာတမံထိန်းသိမ်းရေး စောင့်ကြပ်ကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်း မိုးရာသီဧရာဝတီမြစ်ရေတက်ချိန်တွင် မြန်အောင်ရေကာတာတစ်လျှောက်တွင် ရေကင်းစခန်း(၈)ခုဖြင့်တာတမံ ထိန်းသိမ်းရေးစောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲ‌ရေးဦးစီးဌာနမှ သိရသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး