မြောင်းမြတွင် မိုးစပါးသီးနှံ ရွှေခရု ကြိုတင်ကာကွယ်နိုင်ရေးနှင့်နှိမ်နှင်းရေးလုပ်ငန်းများဆောင်ရွက်

မြောင်းမြ ဇူလိုင် ၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြှင့်မားရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုကို၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် စိုက်ပျိုးရေးဦးစီးဌာနက ဦးဆောင်ကာ မိုးစပါးသီးနှံရွေခရုကြိုတင်ကာကွယ်ရေးနှင့် နှိမ်နင်းရေးလုပ်ငန်းများအား ကျေးရွာနေတောင်သူများနှင့်တွေ့ဆုံကာ ဆွေးနွေးခြင်း၊ ပညာပေးခြင်း၊ ရွှေခရုစုပေါင်းကောက်ယူခြင်းများကို မဒေါ့ပင်ကျေးရွာအုပ်စုရှိ ကွင်းအမည်၊မဒေါ့ပင်အရှေ့ကွင်း၊ ကွင်းအမှတ် (၂၁၉-က)၊ ဦးပိုင်အမှတ်(၉/၇)၊ ဧက (၁၁) ဧကရှိ တောင်သူ ဦးခင်ကြည်ပိုင်ဆိုင်သော လယ်မြေအတွင်း၌ ဇူလိုင် ၃ ရက်နေ့ နေ့လယ် (၃) နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ယခုနှစ်ရာသီဥတုအခြေအနေအရ မိုးများခြင်း၊ ရေလျှံခြင်းများကြောင့် ရွှေခရုပေါက်ပွားလှုပ်ရှားမှု မများလာစေရန် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မြောင်းမြမြို့နယ်အတွင်း၌ မိုးစပါးပန်းတိုင်အထွက်နှုန်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အတားအဆီး တစ်ခုဖြစ်နိုင်သည့် ရွှေခရုဘေးအန္တရာယ်ကျရောက်မှုအား ကာကွယ်နိုင်ရေးအတွက် အပတ်စဉ်သောကြာနေ့တိုင်း ရွှေခရုကောက်သည့်နေ့ဟု သတ်မှတ်ပြီး ကျေးရွာအုပ်စုများရှိ လယ်မြေများအတွင်း၌ တောင်သူများစုပေါင်း၍ ရွှေခရုများ စတင်ကောက်ယူကာ တောင်သူနှင့် ပူးပေါင်းလျက် ကာကွယ်နှိမ်နင်းခြင်းလုပ်ငန်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇေယျာ (ပြန်/ဆက်)