အမာ ဇူလိုင် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ လူထုအခြေပြုဗဟိုဌာန၌ စာစီစာကုံး ရေးသားနည်းသင်တန်းကို ယမန်နေ့နေ့လယ် (၁၂)နာရီခွဲအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာစီစာကုံးရေးသားနည်းသင်တန်းတွင် ဒုတိယဦးစီးမှူး နော်လေးလီယန်က စာစီစာကုံး ရေးသားရာတွင် သတိထားရမည့်အချက်များ၊ စု၊ တု၊ ပြုအဆင့်သုံးဆင့်အကြောင်း၊ စာစီစာကုံး အရေးအသား(၄)မျိုးအကြာင်း၊ စာစီစာကုံးတစ်ပုဒ်၏ အရေးကြီးသည့် အင်္ဂါရပ်များအကြောင်း၊ ဆောင်ရန်၊ ရှောင်ရန်အချက်များ အကြောင်းတို့ကို သင်ကြားပေးခဲ့ပြီး အလယ်တန်းအဆင့် တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူ လူငယ်များ တက်ရောက်ခဲ့ကြကြောင်းနှင့် စာစီစာကုံးရေးသားခြင်းကို လက်တွေ့လေကျင့်ရေးသားခဲ့ကြကြောင်း သိရသည်။
အမာ(ပြန်/ဆက်)