ဖျာပုံ ဇူလိုင် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မြို့နယ်သမဝါယမဦစီးဌာနမှ တာဝန်ရှိသူများသည် မိုးစပါးစိုက်ပျိုးသည့် သမဝါယမ အသင်းဝင်ဒေသခံတောင်သူများသို့ သွင်းအားစု ဓာတ်မြေသြဇာပေးအပ်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့ သမဝါယမအသင်းစုရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ သွင်းအားစုပေးအပ်ရာတွင် ဖျာပုံမြို့နယ် စိုက်ပျိုးမွေးမြူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသိန်းထူးအောင်က မိုးစပါးစိုက်ပျိုးသည့် သမဝါယမအသင်းဝင် ဒေသခံတောင်သူများသို့ သွင်းအားစု ဓာတ်မြေသြဇာများ ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်အား အသေးစိတ်ရှင်းလင်းပြောကြားသည်။
ထို့နောက် ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးစိုက်ပျိုးသည့် သမဝါယမအသင်းဝင် ဒေသခံ တောင်သူများအား ငွေကျပ် (၁၈၃၀.၄၀) သိန်းနှင့်ညီမျှသော သွင်းအားစု ဓာတ်မြေသြဇာ (၁၆၆၄)အိတ်အား ဖျာပုံမြို့နယ် သမဝါယမအသင်းဝင် တောင်သူများ၏ လက်ဝယ်သို့ ဖျာပုံမြို့နယ် စိုက်ပျိုးမွေးမြူရေးကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)