မြောင်းမြ ဇူလိုင် ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် "ကျေးလက်ဒေသဖွံ့ဖြိုးရေး" ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြောင်းမြမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုကိုက အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းနွဲ့သိင်္ဂီက ပြည်သူ့စကားဝိုင်းကျင်းပ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြည်သူ့စကားဝိုင်းကို ဆက်လက်ကျင်းပရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းနွဲ့သိင်္ဂီက Moderator အဖြစ်ဆောင်ရွက်ပြီး တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် (အမှတ်-၁) ဦးစိုးနိုင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ဖြူဖြူဝင်းနှင့် စိုက်ပျိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဌေးဌေးအောင် တို့က “ကျေးလက်ဒေသဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပြီး အခမ်းအနားတက်ရောက်လာသည့် ကျေးလက်ဒေသခံပြည်သူများက သိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါစကားဝိုင်းအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် နံရံကပ်စာစောင်များအား အခမ်းအနားတက်ရောက်လာသူများက စိတ်ပါဝင်စားစွာ ကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။
ဇေယျာ (ပြန်/ဆက်)