ဝါးခယ်မ ဇူလှိုင် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ယမန်နေ့နံနက် (၉) နာရီအချိန်မှစ၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစွမ်းထက် ဦးဆောင်၍ တာဝန်ရှိဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ရပ်မိရပ်ဖများက ရွှေလောင်းကျေးရွာအုပ်စုရှိ မြစ်ကမ်းပါးပြိုကျမှုမရှိစေရေး ကမ်းထိန်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကိုကြည့်ရှု့ပြီး လိုအပ်သည်များကိုမှာကြားခြင်း၊ အ.ထ.က (ရွှေလောင်း) ၃ထပ်ကျောင်းဆောင် ဆောက်လုပ်ပြီးစီးမှုအခြေအနေ၊ ကျောင်းသား/သူများပညာသင်ကြားနေမှု၊ ရွှေကမ်းသာစျေးရောင်းချနေမှုအခြေအနေ၊ တိုက္ကလားကျေးရွာရှိ ရွှေလောင်းမြစ်ရေတိုင်းတာသည့် ရေမှတ်စခန်းသို့သွားရောက်ပြီး ဆည်မြောင်းတာအပြင်ရှိ နေအိမ်များအား ရေတိုက်စားမှုဖြစ်ပေါ်လာပါက ပြောင်းရွှေ့နိုင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ ညောင်ငူကျေးရွာသို့ သွားရောက်ပြီး မြစ်ကမ်းပါးရေတိုက်စားမှုကြောင့် ကမ်းထိန်းလုပ်ငန်းဆောင်ရွက်ပြင်ဆင်နေမှုများကို ကြည့်ရှု့စစ်ဆေးပြီး မြို့နယ်တတိယအောင်ချက်အကောင်းဆုံး အ.ထ.က (ညောင်ငူ) ကျောင်းသို့ သွားရောက်ပြီး ကျောင်းသား/သူများကို တွေ့ဆုံအားပေးစကားများ ပြောကြားခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)