ဘိုကလေးမြို့နယ်တွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမားများအား အခမဲ့ဆေးကုသပေး

ဘိုကလေး ဇူလိုင် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမားများအား လူမှုဖူလုံရေး နယ်လှည့်ဆေးကုသအဖွဲ့က ယနေ့နံနက် (၉) နာရီအချိန်မှစ၍ ညနေ (၄) နာရီအထိ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ကြသည်။

အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်ရာသို့ ဘိုကလေးမြို့နယ်၏ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့်ကော်မတီဝင်များသွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခိုင်သီတာမြင့်နှင့်အဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များကလည်း အာမခံအလုပ်သမားများ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မိုးစက်