ဝါးခယ်မ ဇူလှိုင် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်နှင့် ကျုံမငေးမြို့၌ ယနေ့နံနက် (၀၇:၃၀) နာရီအချိန်က ဝါးခယ်မမြို့စျေးရပ်ကွက်၊ ဘုရားလမ်းရှိ ဆန်စက်လုပ်ငန်းရှင်များအသင်းရုံးရှေ့နှင့် ကျုံမငေးမြို့၊ သီရိဟေမာရပ်ကွက်၊ စည်ပင်ရုံးရှေ့၌ အခြေခံစားသုံးကုန်ပစ္စည်းများဖြစ်သော ဆန်၊ ဆီ၊ ကြက်ဥများအား စျေးနှန်းချိုသာစွာဖြင့် ဆက်လက်ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ် ထွေ/အုပ်ဝန်ထမ်းများ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနဦးစီးမှူးနှင့် ဝန်ထမ်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရှိ ဝန်ထမ်းများက ဆန် (၁၀) အိတ်၊ ဆီ (၁၂၀) ပိဿာ၊ ကြက်ဥ (၁၂၀၀) လုံးနှင့် ကျုံမငေးမြို့တွင် မြို့အုပ်ချုပ်ရေးမှူးနှင့်ထွေ/အုပ်ဝန်ထမ်းများ၊ စည်ပင်သာယာရေးဝန်ထမ်းများက ဆန် (၅) အိတ်၊ ဆီ (၅၀) ပိဿာ၊ ဘဲဥ (၃၀၀) လုံးတို့ကို ရောင်းချပေးခဲ့ရာ ပြည်သူများက ဝယ်ယူအားပေးခဲ့ကြသည်။
အခြေခံစားသောက်ကုန်ပစ္စည်းများကို အပတ်စဉ်တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များတွင် သက်သာသောစျေးနှုန်းများဖြင့် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်