ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၃)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေး
၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၃)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲအား ဧရာဝတီတိုင်းဒေသကြီးမှ အိမ်ရှင်အဖြစ်လက်ခံ၍ ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင် ဇူလိုင်လ ၃၀ ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းတွင် အမျိုးသား/အမျိုးသမီး သုံးယောက်တွဲပြိုင်ပွဲ အုပ်စုပွဲစဉ်များ ယှဉ်ပြိုင်ကစားနေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် လူမှုရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးတို့နှင့်အတူ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။