ဝါးခယ်မ သြဂုတ် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ကြာဖြူကျေးရွာအုပ်စု၊ ကြာဖြူကျေးရွာ၊ ကွင်းအမှတ် (၁၀၀၀ က)၊ ဦးပိုင်အမှတ် (၂၀/၁)ရှိ တောင်သူ ဦးဆန်းမင်း၏ လယ်မြေ (၂.၀၀)ဧကတွင် သြဂုတ်လ ၂ ရက် နံနက်က အောင်နိုင်တိုးစပါးမျိုးအား လက်စိုက်စနစ်ဖြင့် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
အဆိုပါ ကောက်စိုက်သမများမှ အောင်နိုင်တိုးစပါးမျိုးအား လက်စိုက်စနစ်ဖြင့် စိုက်ပျိုးနေမှုကို ဝါးခယ်မမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များက ကြည့်ရှု့အားပေးခဲ့ပြီး တစ်ဧက အထွက်နှုန်း တိုးတက်ရေးအတွက် စိုက်ပျိုးသည့် သီးနှံများအလိုက် ပန်းတိုင်အထွက်နှုန်းများ သတ်မှတ်ဆောင်ရွက်လျက်ရှိရာ မိုးစပါးသီးနှံ ပန်းတိုင်အထွက်နှုန်း တစ်ဧကလျှင် တင်း(၁၀၀)နှင့် အထက် ထွက်ရှိရန်ရည်မှန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)