လပွတ္တာ ဩဂုတ် ၂
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ် အမှတ်(၆)ရပ်ကွက် ဦးစီမိန်းတံတားနှင့် ရေပေါ်လေးတံတားတို့တွင် ယနေ့နံနက် ၁၀ နာရီအချိန်က ခရိုင်မီးသတ် ဦးစီးမှူး ဦးကျော်မျိုးမြင့် ဦးဆောင်၍ ခရိုင်နှင့် မြို့နယ်ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်အင် အား(၃၅)ဦးဖြင့် ရေလမ်းခရီးသွားပြည်သူများအား ရေဘေးအသိပညာပေး လက်ကမ်းစာ စောင်များ ဝေငှခြင်း၊ အသက်ကယ်အင်္ကျီ(Life Jacket)ဖြင့် လက်တွေ့ဝတ်ဆင် သရုပ်ပြသခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါသရုပ်ပြသခြင်းအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလွင်ကိုဦး ဦးဆောင်သောအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစံရင်မော် ဦးဆောင်သောအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)