ဝါးခယ်မမြို့နယ်တွင် တောင်သူလယ်သမားများအား စိုက်ပျိုးရေးနည်းစနစ်များ အသိပညာပေးခြင်းနှင့် MPE ဓာတ်မြေဩဇာများ ပေးအပ်

ဝါးခယ်မ သြဂုတ် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ သဲကုန်းကျေးရွာအုပ်စု၊ စိုက်ပျိုးရေး နည်းပညာပြန့်ပွားရေးစင်တာ၌ သြဂုတ်လ ၂ ရက် နံနက် ၉ နာရီက တောင်သူများအား စိုက်ပျိုးရေးနည်းစနစ်များ အသိပညာပေးခြင်းနှင့် MPE ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့ဝင်များက ဒေသခံတောင်သူ လယ်သမားများနှင့် တွေ့ဆုံကာ သီးနှံမျိုးစုံ ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး၊ ရာသီအလိုက် စိုက်ပျိုးသီးနှံများအတွက် ဓာတ်မြေဩဇာ လိုအပ်ချက်များ ရည်ညွှန်းဈေးနှုန်းဖြင့်ရရှိရေး၊ တောင်သူတိုင်း Drum Seeder ဖြန့်ဖြူး/ရရှိနိုင်ရေး၊ ဆောင်းဆီထွက်သီးနှံ (နေကြာ၊ ပဲပုတ်) စိုက်ပျိုးနိုင်‌ရေး မြေနေရာစုဖွဲ့ထားရှိရန်နှင့် တာဝန်ခွဲဝေပေးခြင်း၊ စိုက်နည်းစနစ်များ အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။

ထို့နောက် ကြာဖြူကျေးရွာ တောင်သူ ဦးဝင်းဗိုလ်မှ ဆီပဲပုတ်စိုက်ပျိုးနိုင်ရေး အသိပညာပေး‌ဆွေးနွေးတင်ပြချက်များအား ပေါင်းစပ်ဆောင်ရွက်ခဲ့ပြီး မိုးစပါး ဧက (၁၀၀) တင်း (၁၀၀) စံပြကွက် အထွက်ကောင်းမျိုး ပြောင်းလဲစိုက်ပျိုးသော တောင်သူများအား MPE ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)