အိမ်မဲမြို့နယ်တွင် လူထုကျန်းမာရေးလုပ်ငန်းများ (၆)လပါတ်ဆန်းစစ်ဆွေးနွေးပွဲ ကျင်းပ

အိမ်မဲ သြဂုတ် ၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်ပြည်သူ့ကျန်းမာရေးကုသရေးဦးစီးဌာန၏ လူထုကျန်းမာရေးလုပ်ငန်းများ (၆)လပါတ်ဆန်းစစ်ဆွေးနွေးပွဲနှင့် ဆေးရုံလုပ်ငန်းများဆောင်ရွက်မှုဆန်းစစ်ဆွေးနွေးပွဲအား ဇူလိုင်လ(၃၀)ရက်နှင့်(၃၁)ရက်နေ့များ၌ မြို့နယ်ပြည်သူ့ကျန်းမာရေး အစည်အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆန်းစစ်ဆွေးနွေးပွဲ၌ ကျန်းမာရေးဌာနအလိုက်၊ဆေးရုံတစ်ခုချင်းစီအလိုက် power point presentation ဖြင့်တင်ပြခြင်း၊ အားနည်းချက်၊ အားသာချက်များဆွေး နွေးခြင်း၊ ဦးစားပေးပြဿနာများဖော်ထုတ်ခြင်း ရှေ့ဆက်ရမည့်လုပ်ငန်းစဉ်များဆွေးနွေးခြင်းတို့အား ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါဆန်းစစ်​ဆွေးနွေးပွဲအား မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမျိုးကျော်အောင်ကဦးဆောင်ဆွေးနွေးခဲ့ပြီး တိုက်နယ်ဆရာဝန်များ၊ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများ ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ချစ်သက်လယ်(ပြန်/ဆက်)