ဧရာဝတီတိုင်းဒေသကြီး

ကန်ကြီးထောင့်မြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ခြင်းနှင့် သီးနှံအာမခံထားရှိခြင်း အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေပေးအပ်ခြင်းနှင့် သီးနှံအာမခံထားရှိခြင်းအခမ်းအနားအား ယနေ့နံနက်ပိုင်းက ဧရာသီရိသုခခန်းမတွင် ကျင်းပသည်။

ဟိုင်းကြီးကျွန်းမြို့၌ လိုင်စင်မဲ့ယာဥ်များ စီးနင်းမှုမရှိစေရေးနှင့် မြို့အဝင်/အထွက် လုံခြုံရေးစစ်ဆေးခြင်းတို့ကိုပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ၊ဟိုင်းကြီးကျွန်းမြို့တွင်လိုင်စင်မဲ့ယာဥ်များ စီးနင်းမှုမရှိစေရေးနှင့် မြို့အဝင်/အထွက် လုံခြုံရေးစစ်ဆေးခြင်းတို့ကို ယနေ့နံနက် ၁၀ နာရီအချိန်က လူစည်ကားရာ ဟိုင်းကြီးကျွန်းမြို့အဝင်တံတားထိပ်တွင် ဟိုင်းကြီးကျွန်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသန့်ဇော်လင်း ဦးဆောင်သောမြို့အဆင့်ဌာနဆိုင်ရာများနှင့် လုံခြုံရေးတာဝန်ရှိသူများမှ စုပေါင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိုက်လတ်၌ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၁)အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် ယနေ့နံနက်(၁၀)နာရီက ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဘိုကလေးမြို့နယ်တွင်း၌ ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းများဆယ်ယူရှင်းလင်း

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ရေစီးရေလာကောင်းမွန်စေရေး၊ မြို့တွင်း၌ ရေဆိုးရေညစ်များ ကိန်းဝပ်နေပြီး ခြင်ပေါက်ဖွားမှု မရှိစေရေး၊ ခြင်မှတစ်ဆင့် ဖြစ်ပွားတတ်သောရောဂါများ မဖြစ်ပွားစေရေးတို့အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းစဉ်များအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေ(၃)နာရီအချိန်၌ ဘိုကလေးမြို့၊ မြို့မ(၃)ရပ်ကွက်၊ ပေါ်ဆန်းမွှေးလမ်းတစ်လျှောက်တွင် ရေမြောင်းတူးဖော်ခြင်း၊ မြောင်းအတွင်းမှ အမှိုက်သရိုက်များ ဆယ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျောင်းကုန်းမြို့၌ ရေပြင်ရှာဖွေကယ်ဆယ်ရေး သရုပ်ပြလေ့ကျင့်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ဦးဆောင်မှုဖြင့် ရေပြင်ရှာဖွေကယ်ဆယ်ရေး သရုပ်ပြလေ့ကျင့်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်ခန့်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၊ ဒါးကမြစ်အတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့၊ စက္ခဒါနဆေးခန်း (၁၀) နှစ်ပြည့် ဖွင်လှစ်မှုအထိမ်းအမှတ် အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ မျက်စိဝေဒနာ ပတ်သက်သောရောဂါများ စမ်းသပ်ခြင်း၊ ခွဲစိပ်ကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့် ဒေးဒရဲမြို့ စက္ခုဒါနဆေးခန်း ဖွင့်လှစ်မှု (၁၀) နှစ်ပြည့် အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီက မြို့နယ်သာသနာ့ဗိမာန် ပရိဝုဏ်ရှိ စက္ခုဒါနဆေးခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ငပုတောမြို့နယ်သက္ကယ်ချောင်းကျေးရွာ၌ မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းရေးနည်း သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်း‌ဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် သက္ကယ်ချောင်းကျေးရွာ၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဧရာဝတီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်ခဲ့သည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်းအတွက် အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းရေးနည်း သင်တန်းနှင့် မွမ်းမံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းရေးနည်း သင်တန်းဆင်းပွဲအခမ်းအနားအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦး၊ ကော်မတီဝင်များ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းသားများ တက်ရောက်ကြသည်။

ငပုတောမြို့နယ် သော်ကကွင်းကျေးရွာတွင် ဝါခေါင်လ ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် သော်ကကွင်းကျေးရွာ သော်ကကျောင်းတိုက်ဓမ္မာရုံတွင် ဝါခေါင်လ ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် အခြေခံစားသောက် ကုန်များ ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ယနေ့နံနက် (၇) နာရီအချိန်မှ စတင်ကာ မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီမှ အများပြည်သူဈေး နှုန်းသက်သာစွာဝယ်ယူစားသုံးနိုင်ရေးအတွက် ဆန်၊ ဆီ၊ ကြက်ဥနှင့် ဘဲဥတို့ကို ဈေးနှုန်းသက်သာစွာဖြင့် အမှတ် (၁၁) ရပ်ကွက်၊ မဟာဗန္ဓုလမ်းနှင့် တပင်ရွှေထီးလမ်းထောင့်၌ လက်လီရောင်းချပေးခဲ့ကြောင်း သိရသည်။

မြန်အောင်မြို့သန့်ရှင်းသာယာရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် "Clean City" "Green City" ဖြစ်လာစေရန် မြို့သန့်ရှင်းသာယာလှပရေးအတွက် ယမန်နေ့နံနက်က ရွေဘုံသာဘုရားနှင့် ဝေဠုဝန်ဘုရားကြီးရှေ့၌ စုပေါင်းသန့်ရှင်းရေးနှင့်ပန်းအလှပင်၊ အရိပ်ရပင်များစိုက်ပျိုးခဲ့ကြောင်းသိရသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး