အိမ်မဲ သြဂုတ် ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်များနှင့် မြို့နယ်ဌာနဆိုင်ရာများ မိတ်ဆက်တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အိမ်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်ခိုင်ဆွေသက်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် မိတ်ဆက်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ဆက်လက်ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်မြင့်က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး အဆိုပါအိမ်မဲမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် အများယုံကြည်လေးစားခြင်းခံရသော ပုဂ္ဂိုလ် (၄) ဦး မြို့နယ်ဌာနဆိုင်ရာ (၁၀) ဦးစုစုပေါင်း (၁၄) ဦး ပါဝင်ဖွဲ့စည်းထားကြောင်း သိရသည်။
ချစ်သက်လယ်