ဧရာဝတီတိုင်းဒေသကြီး

အိမ်မဲမြို့တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးများ အခမဲ့ထိုးနှံပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူလူထုအခြေပြု အသက် (၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) ထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကို ပြည်သူ့ကျန်းမာရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့သည်။

ဒေးဒရဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာဟောပြောပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များပြသ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားစေရေး၊ စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှု ပိုမိုရရှိစေရန်ရည်ရွယ်၍   လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်များ၊ အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်(၁၁)နာရီက ဘိုးတုတ်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး လူငယ်စကားဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ မျောက်ချောကုန်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး လူငယ်စကားဝိုင်းကို ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။

ငပုတောမြို့နယ်အတွင်း ဒေသထွက် ကြက်စာ၊ ဘဲစာလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ဒီးဒူးကုန်းကျေးရွာအုပ်စုတွင် ပင်လယ်‌ပြင်မှရရှိသော ငါး၊ပုစွန်များဖြင့် ဒေသထွက် ကြက်စာ၊ ဘဲစာလုပ်ငန်းဆောင်ရွက်နေမှုအား ယမန်နေ့က မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် ဦးသန်းဦးနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးရယ်လွင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းအောင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး ပတ်ဝန်ကျင်းတွင် အနံ့ဆိုးများပျံ့နှံမှုမရှိစေရေး၊ ကျန်းမာရေးနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရေး မှာကြားခဲ့သည်။

ကျိုက်လတ်မြို့နယ်၌ လမ်းလျှောက်ခြင်း၏အကျိုးကျေးဇူး အကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် "လမ်းလျှောက်ခြင်း၏အကျိုးကျေးဇူး အကြောင်းသိကောင်းစရာ" အသိပညာပေး ဟောပြောပွဲကို ဒီဇင်ဘာ(၈)ရက်၊ နေ့လယ်ပိုင်းက ခနောင်ရွာသစ်ကျေးရွာ၊ အခြေခံပညာ မူလတန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေးနှင့် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့သည်။

ကျောင်းကုန်းမြို့ အ.ထ.က(ခွဲ)မီးသွေးတိုက်ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကွမ်းခြံကုန်းအုပ်စု၊ အ.ထ.က(ခွဲ)မီးသွေးတိုက်ကျောင်း၌ လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁ဝ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျုံပျော်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှ အသက် ၁၈ နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများ၊ ပျောက်ဆုံး၊ ပျက်စီးသူများအား မဲဆန္ဒရှင်စာရင်းတွင် ပါဝင်နိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြငိ့ နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ်များ နေ့ချင်းပြီးဆောင်ရွက်ပေးမှုကို ကျုံပျော်မြို့ ဧရာမင်းခန်းမ၌ ဒီဇင်ဘာ ၈ ရက်က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် (Community Centre)ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး  အသိပညာပေးဟောပြောပွဲနှင့် ဥာဏ်စွမ်းရည်ပြိုင်ပွဲများကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားစေရေး၊ ပြည်သူ့စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှု ပိုမိုရရှိစေရန်ရည်ရွယ်၍  စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်များ၊ အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့ရာ မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများက ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် ရပ်ကွက်၊ ကျေးရွာအုပ်စုရွေးကောက်ပွဲ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲလုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက် (၉) နာရီက မြို့နယ်သာသနာ့ဗိမာန်တော်ကြီးတွင် ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ မျိုးစေ့ချကိရိယာ (Drum Seeder) များပေးအပ်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင် ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မျိုးစေ့ချကိရိယာ (Drum Seeder) များပေးအပ်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန   မော်ဧရာခန်းမ၌ကျင်းပ ဆောင်ရွက်သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး