သာပေါင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ခွေးရူးပြန်ရောဂါ ကာကွယ်ရေးအသိပညာပေး ဆွေးနွေး

သာပေါင်း ဇူလိုင် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ခွေးရူးပြန်ရောဂါ ကာကွယ်ရေးအသိပညာပေး ဆွေးနွေးပွဲကို ယနေ့ ဇူလိုင်လ ၁၇ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်‌ချုပ်ရေးကော်မတီဥက္ကဌဦးမင်းဧရာထိုက်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးမှူးဒေါက်တာထွန်းပွားက ခွေးရူးပြန်ရောဂါကူးစက်နိုင်သည့်နည်းလမ်းများ၊ အိမ်မွေးတိရစ္ဆာန် (ခွေး၊ ကြောင်) များကို ခွေးရူးရောဂါမဖြစ်အောင် ကာကွယ်နိုင်သည့်နည်းလမ်းများ၊ ခွေးရူးပြန်ရောဂါလက္ခဏာများ၊ သတိထားလိုက်နာရမည့်အချက်များစသည့် ခွေးရူးပြန်ရောဂါကာကွယ်ရေး သိကောင်းစရာများကို အသိပညာပေး ဟောပြောဆွေးနွေးပြီး တက်ရောက်လာသူများမှ မေးမြန်ချက်များအား ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ကြောင်း သိရသည်။

သိန်းမြင့်မျိုးဦး သာပေါင်း ပြန်/ဆက်