ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် အသက်(၁၉)နှစ်အောက် ခရိုင်ပေါင်းစုံအမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်

ပုသိမ် ဇူလိုင် ၁၇

၂၀၂၆ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အသက် (၁၉) နှစ်အောက်ခရိုင်ပေါင်းစုံ အမျိုးသမီးဘောလုံးပြိုင်ပွဲဗိုလ်လု ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင်ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဘောလုံးဝါသနာရှင် ပြည်သူများသည် ဗိုလ်လုပွဲစဉ်အဖြစ် ကျုံပျော်ခရိုင်အသင်းနှင့် မြောင်းမြခရိုင်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေး ခဲ့သည်။

ထို့နောက် ဆုချီးမြှင့်ပွဲကိုပြုလုပ်ရာ ရှေ့တန်းအကောင်းဆုံး ကစားသမားဆု၊ နောက်တန်း အကောင်းဆုံးကစားသမားဆုနှင့် အကောင်းဂိုးသမားဆု၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ကစားသမားဆုရရှိသူများအား ဆုတံဆိပ်နှင့် ငွေသားဆုကို လူမှုရေးရာဝန်ကြီး၏ ဇနီး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ဇနီးတို့ကလည်းကောင်း၊ ဒုတိယဆုရရှိသည့် မြောင်းမြခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့်ငွေသားဆုကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးကလည်းကောင်း၊ ပထမဆုရရှိသည့် ကျုံပျော်ခရိုင်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်များနှင့် ငွေသားဆုကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးက ဆုများချီးမြှင့်ခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တံခွန်စိုက်ဆုဖလားအား ဆက်လက်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)