ကျောင်းကုန်းမြို့နယ် အ.ထ.က(ခွဲ)လှအောင်ချောင်ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်

ကျောင်းကုန်း  ဇူလိုင်  ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ရုံးပင်အုပ်စု၊ လှအောင် ချောင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် ၁ဝ နာရီ ၃၀  အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လှိုင်ပို့ပို့ဇင်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး၊ စားသုံးသူရေးရာဦး စီးဌာနမြို့နယ်တာဝန်ခံ(ကိုယ်စား)ဒေါ်သင်းသင်းချို က စားသုံးသူကာကွယ်ရေးအကြောင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဒေါင့်ကြီးနယ်မြေရဲစခန်းမှ ဒုရဲအုပ်ကျော်ဇေယျက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်းပြောကြားပြီး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်ဇာထွဏ်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက်  လူငယ်စကားဝိုင်း ကျင်းပရာ Grade 9 မှ မဆုမွန်ဖြိုး က "လူငယ်နှင့်စာပေ" Grade8 မှ မောင်လင်းလတ်ကျော် က "လူငယ်နှင့်စာရိတ္တ"၊ Grade 9 မှ မောင်မြင့်မောင် က "လူငယ် နှင့်အားက စား"၊ Grade 8 မှ မောင်ရှင်းခန့်ဖြိုး က " လူငယ်နှင့်မူးယစ်ဆေးဝါး"၊ Grade 8 မှ မောင် စိုးရန်နိုင် က "လူငယ်နှင့်ယဥ်ကျေးမှု၊ Grade 9မှ မောင်အောင်ပြည့်ဦးက "လူငယ်နှင့် ဂီတ"၊ Grade 8 မှ မောင်ရှိုင်းထက်ဦးက  "လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး" စသည့်‌ခေါင်းစဉ် များဖြင့် ပြောကြားခဲ့ကြသည်။ စကားဝိုင်းအပြီး သိရှိလိုသည်များ မေးမြန်းရာ သက်ဆိုင်သူက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)