ကျောင်းကုန်းမြို့၌ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲကျင်းပ

ကျောင်းကုန်း ဇူလိုင် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် (မြို့နယ်အဆင့်) စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ကျောင်းကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ မူလတန်းဆင့် စာစီစာကုံးတွင် (၁၆) ဦး၊ အလယ်တန်းဆင့်စာစီစာကုံးတွင် (၁၅) ဦး၊ အထက်တန်းဆင့် စာစီစာကုံးတွင် (၈) ဦး၊ အလယ်တန်းဆင့်ကဗျာတွင် (၉) ဦး၊ အထက်တန်းဆင့်ကဗျာတွင် (၉) ဦး စုစုပေါင်း (၅၇) ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)