ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းဆွေးနွေး

ကျောင်းကုန်း ဇူလိုင် ၁၇

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်းသည် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အေးချမ်းသာယာခန်းမ၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုနှင့် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်ရွက်သည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဖြည့်စွက်ရန်ပုံငွေ တင်ပြတောင်းခံခြင်းအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နေ့လယ် ၂ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်းက အဖွင့်အမှာ စကားပြောကြားပြီး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ဖြည့် စွက်ရန်ပုံငွေတင်ပြတောင်းခံခြင်းရှိသော ဌာနများကလည်းကောင်း၊ အခြားဌာနများက ရက် (၁၀၀) အတွင်း အကောင် အထည်ဖော်ဆောင်ရွက်မှုများကိုလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။

အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့် လွှတ်တော်ကိုယ်စား လှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)