ဧရာဝတီတိုင်းဒေသကြီး

မြန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ အာဟာရအသိပညာပေး ဆင့်ပွားသင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနက မြို့နယ် အတွင်းရှိကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးသူငယ်များ အားငွေကြေးထောက်ပံ့မှုအစီအစဥ်မှ အာဟာရအသိပညာပေးဆင့်ပွားသင်တန်းကို ယနေနံနက်ကမြန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ၌ ဖွင့်လှစ်ခဲ့သည်။

မြန်အောင်မြို့နယ်၊ တောင်ရိုးတိုက်နယ်မှ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် တောင်ရိုးတိုက်နယ်မှ မဲဆန္ဒရှင် ပြည်သူများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့်ပတ်သက်၍ သိရှိစေရန် အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို သြဂုတ်လ ၂၆ ရက်နေ့က လက်ပံကွင်းဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လပွတ္တာမြို့နယ်အတွင်းရှိ ဖုန်းနှင့် လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များ၌ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၌ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က လပွတ္တာမြို့နယ်အတွင်းရှိ ဖုန်းနှင့် လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ငပုတောမြို့ အခြေခံပညာအထက်တန်းကျောင်း၌  ကျောင်းကျန်းမာရေးရက်သတ္တပတ် လှုပ်ရှားမှုများပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့အခြေခံပညာအထက်တန်းကျောင်းများ၌ ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ယမန်နေ့နံနက်ပိုင်းက နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ဖျာပုံမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝိပ္ပံဘာသာရပ်တွင် တစ်နိုင်ငံလုံးအဆင့်(၅)နှင့် တိုင်းဒေသကြီးအဆင့်(၁)ရရှိသော မအိမြတ်သူအား ဂုဏ်ပြုကြိုဆိုပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဝိပ္ပံဘာသာရပ်တွင် တစ်နိုင်ငံလုံးအဆင့်(၅)နှင့် တိုင်းဒေသကြီးအဆင့်(၁)ရရှိသော မအိမြတ်သူအား ယမန်နေ့နံနက်ပိုင်းက ဖျာပုံခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများက သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆို ခဲ့​ကြသည်။

ငပုတောမြို့၌ အာဟာရအသိပညာပေး ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က အာဟာရအသိပညာပေး ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျိုက်လတ်မြို့နယ်၌ အိုင်အိုဒင်းချို့တဲ့မှုရောဂါပပျောက်ရေး အာဟာရရက်သတ္တပတ်လုပ်ငန်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အစီအစဉ်မှ အိုင်အိုဒင်းချို့တဲ့မှုကြောင့် ဖြစ်ပွားသောရောဂါများ ပပျောက်ရေးလှုပ်ရှားမှုအဖြစ် ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ဈေးများ၊ ကုန်စုံဆိုင်များတွင် အိုင်အိုဒင်းဆားရောင်းချမှု၊ အရည်အသွေး စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ဘိုကလေးမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းမရှိသည့်တောင်သူများအား ဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြို့တော်ခန်းမတွင် ယနေ့ညနေ (၃)နာရီ အချိန်၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးရာသီ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းမရှိသော မိုးစပါးစိုက်ပျိုးတောင်သူများအား ဈေးနှုန်းသက်သာစွာဖြင့် သွင်းအားစု ဓာတ်မြေဩဇာများ ဖြန့်ဖြူးပေးအပ်သည့် အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်၌ မဲဆန္ဒရှင်များအား မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆက်လက်ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှကြီးမှူး၍ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်များအား မြန်မာ့အီလက်ထရောနစ် မဲပေးစက် (MEVM)နှင့်ပတ်သက်၍ သိရှိစေရန်ရည်ရွယ်ချက်ဖြင့် မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာ ပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ဩဂုတ်လ(၁၈)ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယမန်နေ့နံနက်ပိုင်းတွင်းလည်း ရှမ်းရွာတိုက်နယ်၌ ဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပုသိမ်မြို့၌ အဲယားကွန်းတပ်ဆင်ပြုပြင်ခြင်း သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီနှင့် အလုပ်သမားဝန်ကြီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း(ပုသိမ်)တို့ ပူးပေါင်းဖွင့်လှစ်သည့် အဲယားကွန်းတပ်ဆင်ပြုပြင်ခြင်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ပုသိမ်)တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး