မြန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ အာဟာရအသိပညာပေး ဆင့်ပွားသင်တန်းဖွင့်လှစ်

မြန်အောင် သြဂုတ် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနက မြို့နယ် အတွင်းရှိကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးသူငယ်များ အားငွေကြေးထောက်ပံ့မှုအစီအစဥ်မှ အာဟာရအသိပညာပေးဆင့်ပွားသင်တန်းကို ယနေနံနက်ကမြန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ၌ ဖွင့်လှစ်ခဲ့သည်။

အခမ်းအနား​တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းထ့န်းနှင့်မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိုးဝါတို့က သင်တန်းဖွင့်လှစ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။

အာဟာရအသိပညာပေး ဆင့်ပွားသင်တန်းတွင် ဘဝ​ရှေ့ဆောင်ရက်(၁၀၀၀)ကာလတွင် အမျိုးသမီးများနှင့်ကလေးများ၏ အာဟာရနှင့် စိတ်ပိုင်းဆိုင်ရာသုခချမ်းသာကို မြှင့်တင်ပေးနိုင်ရန်၊ မြန်မာနိုင်ငံရှိအတူကွဲပြားသော နေရာဒေသများပါမကျန် လူသားချင်းစာနာထောင်ထားမှုအတွက် အသုံးပြုနိုင်ရန် ရည်ရွယ်ချက်များဖြင့် မိခင်များအတွက် စိတ်ပိုင်းဆိုင်ရာစောင့်ရှောက်မှု၊ မီးဖွားရန်ပြင်ဆင်ခြင်း၊ လက်ဆေးခြင်း၊ သွားနှင့်ခံတွင်း သန့်ရှင်းရေး၊ မွေးကင်းစနှင့် ကလေးငယ်များအား နို့တိုက်ခြင်းနှင့်အာဟာရပြည့်မီအောင် ကျွေးမွေးခြင်းများနှင့်ပတ်သက်၍ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိုးဝါက ရှင်းလင်းဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။

ဝင်းဗိုလ်(ပြန်/ဆက်)