ငပုတော ဩဂုတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့အခြေခံပညာအထက်တန်းကျောင်းများ၌ ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ယမန်နေ့နံနက်ပိုင်းက နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်မြို့နယ်ဆရာဝန် ဦးနိုင်မင်းခန့်က တစ်ကိုယ်ရည်သန့်ရှင်းရေးလေ့ကျင့်စဉ်(၁၀)ချက်နှင့် အာဟာရဖွံ့ဖြိုးမှု၊ အစာအုပ်စု(၃)အုပ်စုအားလည်းကောင်း၊ ကျောင်းကျန်းမာရေးဆရာမဒမှ သွားကျန်းမာရေးနှင့်ပတ်သက်သည့် အခြေခံအချက်(၃)ချက်နှင့် ကာကွယ်ခြင်းအားလည်းကောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျောင်းကျန်းမာရေးအဖွဲ့များမှ ကျောင်းသား/သူများအားကိုယ်အလေးချိန်ချိန်ခြင်း၊ အရပ်တိုင်းခြင်း၊ တကိုယ်ရည်သန့်ရှင်းရေးစစ်ဆေးပေးခြင်း၊ အထွေထွေကျန်းမာရေးစစ်ဆေးပေးခြင်းများ လိုအပ်သောဆေးဝါးများ ပေးအပ်ခဲ့ကြောင်း သိရသည်။ ငပုတောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ အခြေခံကျောင်းများသို့ ကျောင်းကျန်းမာရေးရက်သတ္တပတ်အဖြစ် နေ့စဉ်အလှည့်ကျ ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကျောင်းကျန်းမာရေးအဖွဲ့မှ တာဝန်ရှိသူထံက သိရသည်။
အောင်သူ(ပြန်/ဆက်)