ဖျာပုံမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝိပ္ပံဘာသာရပ်တွင် တစ်နိုင်ငံလုံးအဆင့်(၅)နှင့် တိုင်းဒေသကြီးအဆင့်(၁)ရရှိသော မအိမြတ်သူအား ဂုဏ်ပြုကြိုဆိုပွဲကျင်းပ

ဖျာပုံ သြဂုတ် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဝိပ္ပံဘာသာရပ်တွင် တစ်နိုင်ငံလုံးအဆင့်(၅)နှင့် တိုင်းဒေသကြီးအဆင့်(၁)ရရှိသော မအိမြတ်သူအား ယမန်နေ့နံနက်ပိုင်းက ဖျာပုံခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများက သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆို ခဲ့​ကြသည်။
ရှေ့ဦးစွာ ဂုဏ်ပြုကြိုဆိုရာတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝိပ္ပံဘာသာရပ်တွင် တစ်နိုင်ငံလုံးအဆင့်(၅)နှင့် တိုင်းဒေသကြီးအဆင့်(၁)ရရှိသော မအိမြတ်သူအား ဖျာပုံမြို့အဝင် ဖျာပုံ-ကျိုက်လတ် ကားလမ်းမကြီးမှစတင်၍ ချောင်းတွင်းလမ်းမကြီးတစ်လျှောက်နှင့် မြို့ပေါ်လူစည်ကားရာလမ်းတစ်လျှောက် လှည့်လည်ဂုဏ်ပြုကြိုဆိုကြသည်။
ထို့နောက် အ.ထ.က (၄)ကျောင်းအစည်းအဝေးခန်းမတွင် ဂုဏ်ပြုပွဲအခမ်းအနားကို ဆက်လက် ကျင်းပရာဖျာပုံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ ဖျာပုံခရိုင်ပညာရေးမှူး ဦးဝင်းအောင်တို့က ဂုဏ်ပြုအမှာစကားပြောကြားပြီး အ.ထ.က (၄)ကျောင်း၊ ကျောင်းအုပ်ဆရာကြီးဦးကျော်ဇော်က ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့်ကျေးဇူးတင် စကားပြောကြားကြသည်။
ယင်းနောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဝိပ္ပံဘာသာရပ်တွင် တစ်နိုင်ငံလုံး အဆင့်(၅)နှင့် တိုင်းဒေသကြီးအဆင့်(၁)ရရှိသော မအိမြတ်သူကတက္ကသိုလ်ဝင် စာမေးပွဲ တစ်နှစ်တာကာလအတွင်း ကြိုးစားဆောင်ရွက်ခဲ့ပုံနှင့် ဂုဏ်ပြုပွဲကျင်းပပေးမှုအပေါ် ကျေးဇူးတင် စကား​ပြန်လည်ပြောကြားခဲ့ပြီး ဖျာပုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဝင်း၊ အ.ထ.က (၄)ကျောင်း၊ ကျောင်းအုပ်ဆရာကြီး ဦးကျော်ဇော်၊ အ.ထ.က(၄)ကျောင်း အကြိုတော်ဆောင်များ၊ မြို့မိမြို့ဖများနှင့် လုပ်ငန်းရှင်များမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝိပ္ပံဘာသာရပ်တွင် တစ်နိုင်ငံလုံးအဆင့်(၅)နှင့် တိုင်းဒေသကြီးအဆင့်(၁)ရရှိသော မအိမြတ်သူအား ဂုဏ်ပြုငွေများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်