လေးမျက်နှာမြို့နယ်၌ အိုင်အိုဒင်းချို့တဲ့ရောဂါ ပပျောက်ရေး ရက်သတ္တပတ်လှုပ်ရှားမှုဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဈေးဆိုင်များနှင့် အောင်မင်္ဂလာဈေးအတွင်းတွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် (စတုတ္ထပတ်) အိုင်အိုဒင်းချို့တဲ့ရောဂါပပျောက်ရေးလှုပ်ရှားမှုကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။