မြန်အောင် သြဂုတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် တောင်ရိုးတိုက်နယ်မှ မဲဆန္ဒရှင် ပြည်သူများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့်ပတ်သက်၍ သိရှိစေရန် အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို သြဂုတ်လ ၂၆ ရက်နေ့က လက်ပံကွင်းဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးဝင်းက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်တက်ရောက်လာကြသော တောင်ရိုး တိုက်နယ်မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် လက်ပံကွင်းအုပ်စု၊ မကျီးကုန်းကျေးရွာအုပ်စု၊ မရွေးကုန်းကျေးရွာအုပ်စု၊ ညောင်ချင်ကျေးရွာအုပ်စု၊ ထိန်သေးကြီးကျေးရွာအုပ်စုတို့မှ ဒေသခံ ပြည်သူတို့အား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်ခဲ့ကြရာ မဲဆန္ဒရှင်ပြည်သူများက စိတ်ပါဝင်စားစွာဖြင့် စမ်းသပ်မဲပေးခြင်းများ ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ်