ပုသိမ် သြဂုတ် ၂၇
ဧရာဝတီတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီနှင့် အလုပ်သမားဝန်ကြီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း(ပုသိမ်)တို့ ပူးပေါင်းဖွင့်လှစ်သည့် အဲယားကွန်းတပ်ဆင်ပြုပြင်ခြင်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ပုသိမ်)တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ လူမှုရေးရာဝန်ကြီးက အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးက သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ကာ သင်တန်းဆင်းလက်မှတ်များအား သင်တန်းသား/သူများ ကိုယ်စား သင်တန်းသူတစ်ဦးထံသို့ ပေးအပ်ခဲ့သည်။
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ပုသိမ်)တွင် အဲယားကွန်း တပ်ဆင်ပြုပြင်ခြင်းသင်တန်းကို (၃၀.၇.၂၀၂၅) ရက်နေ့မှ (၂၆.၈.၂၀၂၅) ရက်နေ့ထိ လေးပတ်ကြာ ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းသား/သူ ( ၂၀ )ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)