ငပုတောမြို့၌ အာဟာရအသိပညာပေး ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ငပုတော ဩဂုတ် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က အာဟာရအသိပညာပေး ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်လူမှုဝန်ထမ်း‌ဦးစီး‌ဌာန မြို့နယ်ဦးစီးမှူးဒေါ်မြတ်စုမွန်က သင်တန်းနည်းပြအဖြစ် အာဟာရအသိပညာပေး ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်‌ခင်စောက ကိုယ်ဝင်ဆောင်မိခင်များ ဂရုပြုရမည့်အချက်များ၊ မွေးပြီး(၆)လနှင့်မမွေးခင် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ သန့်(၄)သန့် အကြောင်းအရာများ၊ အသက်အလိုက် အာဟာရကျွေးမွေးရမည့်အချက်များ စသည့်အချက်များကို သင်တန်းသား၊ သင်တန်းသူများနှင့် အပြန်အလှန်‌ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ခင်စောနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နုနုရီနှင့်ဝန်ထမ်းများ၊ လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုအသင်းဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်သူ