ဧရာဝတီတိုင်းဒေသကြီး

ငပုတောမြို့နယ် သက္ကယ်ချောင်းကျေးရွာ၌ အစိုးရသစ် ရက်(၁၀၀)စီမံချက်ဖြင့် မြေငှားဂရမ်ထုတ်ပေးနိုင်ရေး တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် သက္ကယ်ချောင်းကျေးရွာတွင် အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်အရ ကျေးရွာမြေငှားဂရမ်များ အမြန်ဆုံးထုတ်ပေးနိုင်ရေးအတွက် မြေပြင်ကွင်းဆင်းစစ်‌ဆေးခြင်းနှင့် ကျေးရွာမြေငှားဂရမ်ထုတ်ပေးမည့် အိမ်များအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

မြန်မာ့ပေါ်ဆန်းကို ဒေသဆိုင်ရာအညွှန်းအဖြစ် မှတ်ပုံတင်နိုင်ရေးနှင့် စပ်လျဉ်းသည့် အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ယမန်နေ့နံနက်ပိုင်းက မြန်မာ့ပေါ်ဆန်းကို ဒေသဆိုင်ရာအညွှန်းအဖြစ် မှတ်ပုံတင်နိုင်ရေးနှင့် စပ်လျဉ်းသည့် အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး စီမံကိန်းစီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး၊ တိုင်း‌ဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဦစီးမှုးနှင့်ဝန်ထမ်းများ၊ MSME လုပ်ငန်းရှင်များ တက်ရောက်ခဲ့သည်။

၂၀၂၆-၂၀၂၇ ခုနှစ်၊ (မိုးစပါး)ဆန်စပါးစိုက်ပျိုးရေးဇုန်(Rice Export Zone) Sone Se Myine Group Co.,Ltd နှင့် Agro(Shinny) Power Co.,Ltd တို့မှ တောင်သူများအား သွင်းအားစု ပေးအပ်ပွဲနှင့်သဘောတူစာချုပ်ချုပ်ဆိုခြင်း အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ခုနှစ်၊(မိုးစပါး) ဆန်စပါး စိုက်ပျိုးရေးဇုန်(Rice Export Zone) စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်သည့် Sone Se Myine Group Co.,Ltd. နှင့် Agro( Shinny) Power Co.,Ltd တို့မှ တောင်သူများအား သွင်းအားစုပေးအပ်ပွဲနှင့် သဘောတူစာချုပ်ချုပ်ဆိုခြင်း အခမ်းအနားကို ဇူလိုင်လ ၁၈ ရက်နေ့၊ နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ညောင်တုန်းမြို့နယ်၌ လမ်းဘေး ဝဲ/ယာ ကျွန်းတစ်အုပ်တစ်မ စိုက်ပျိုးပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာန၏ စီစဥ်ဆောင် ရွက်မှုဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်းနှင့် ဒေသအပူချိန်လျှော့ချနိုင်စေရန် ရည်ရွယ်၍ လမ်းဘေး ဝဲ/ယာ ကျွန်းတစ်အုပ်တစ်မ စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီက ညောင်တုန်းမြို့နယ်အတွင်းရှိ ညောင်ဝိုင်းကြီးကျေးရွာနှင့် ရန်ကုန်-ပုသိမ်ကားလမ်းမ တစ်လျောက်၌ စုပေါင်းစိုက်ပျိုးသည်။

ဒေးဒရဲမြို့နယ် တော်ကမယ်ကျေးရွာ၌ မြေငှားဂရန် ထုတ်ပေးနိုင်ရေး မြေပြင်ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် တော်ကမယ်ကျေးရွာရှိ နေအိမ်များ ကျေးရွာမြေငှားဂရန်များ ထုတ်ပေးနိုင်ရေး အတည်ပြုလုပ်ငန်းအား ယမန်နေ့နံနက်ပိုင်းက မြို့နယ်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များက  ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မြန်အောင်၌ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ပုံတူပန်းချီနှင့် ကဗျာရွတ်ပြိုင်ပွဲများကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်‌အောင်ခရိုင်၊ မြန်‌အောင်မြို့တွင် (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ပုံတူပန်းချီနှင့် ကဗျာရွတ်ပြိုင်ပွဲများကို ယမန်နေ့က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။

ပန်းတနော်မြို့နယ်၌ ရေပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်နိုင်ရေးနှင့် ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ စွမ်းရည်ထက်မြက်စေရန် ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာန ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့များက ရေပြင်ရှာဖွေကယ်ဆယ်ရေး သရုပ်ပြသခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းများကို ပန်းတနော်မြစ်အတွင်း၌ လက်တွေ့ ဆောင်ရွက်ကြသည်။

ကြံခင်းမြို့နယ်၌ ကျောင်းကောင်စီဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့၊ အခြေခံပညာအထက်တန်းကျောင်း ကျောင်းကောင်စီဖလားဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ၃ နာရီက အဆိုပါကျောင်းရှေ့ဘောလုံးကွင်း၌ ကျင်းပခဲ့သည်။ 

တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် စည်ပင်သာယာရေးအဖွဲ့များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ စည်ပင်သာယာရေးအဖွဲ့များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦး၊ တိုင်း၊ ခရိုင်၊ မြို့နယ်၊ မြို့စည်ပင်သာယာရေးအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ငွေဆောင်မြို့၌ တရုတ်အစားအစာချက်ပြုတ်နည်းသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ကြီးကြပ်မှု၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ Kunming Vocational University of Science and Technologyနှင့် ဖူးကျင့်နိုင်ငံတကာဘာသာစကားသင်တန်းကျောင်းတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဖွင့်လှစ်ခဲ့သည့် တရုတ်အစားအစာချက်ပြုတ်နည်းသင်တန်း (Chinese Culinary Training) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ငွေဆောင်မြို့၊ အမှတ် (၃) ရပ်ကွက်၊ယမုံနာဦးဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး