မြန်အောင်၌ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ပုံတူပန်းချီနှင့် ကဗျာရွတ်ပြိုင်ပွဲများကျင်းပ

မြန်အောင် ဇူလိုင် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်‌အောင်ခရိုင်၊ မြန်‌အောင်မြို့တွင် (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ပုံတူပန်းချီနှင့် ကဗျာရွတ်ပြိုင်ပွဲများကို ယမန်နေ့က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းထွန်းက ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခြေခံပညာမူလတန်းအဆင့် စာစီစာကုံး၊ ပုံတူပန်းချီနှင့် ကဗျာ ရွတ်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့သည်။

၇၉ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် “၁၉ ဇူလိုင် မမေ့နိုင်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပုံတူပန်းချီပြိုင်ပွဲတွင် ဗိုလ်ချုပ်အောင်ဆန်းပုံတူ ပန်းချီဖြင့်လည်း ကောင်း၊ ကဗျာရွတ်ပြိုင်ပွဲတွင် ဆရာတင်မိုး၏ “အောင်ဆန်းစသော မျိုးချစ်သူရဲကောင်းများသို့” ကဗျာအား ကျောင်းသား၊ ကျောင်းသူများယှဉ်ပြိုင်ခဲ့ကြသည်။

ဝင်းဗိုလ် မြန်အောင်