ဧရာဝတီတိုင်းဒေသကြီး

ငွေဆောင်မြို့၌ဟိုတယ်ပိုင်းဆိုင်ရာ အင်္ဂလိပ်ဘာသာစကား(အခြေခံ) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၏ကြီးကြပ်မှု၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏  စီစဥ်မှုဖြင့်ဖွင့်လှစ်သော ဟိုတယ်ပိုင်းဆိုင်ရာ အင်္ဂလိပ်ဘာသာစကား (အခြေခံ) သင်တန်းဖွင့်ပွဲအခမ်းအနားအား ယမန်နေ့နံနက်( ၁၀) နာရီကအမှတ်   (၃) ရပ်ကွက်၊ ယမုံနာဦးဟိုတယ်၊ Ball Room ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှူးဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးနှင့်ဒုတိယ ညွှန်ကြားရေးမှူး၊ မြို့အုပ်ချုပ်ရေးမှူးနှင့် မြို့ခရီးစဥ်ဒေသစီမံခန့်ခွဲရေး ကော်မတီ (DMO.) မှ ဌာနဆိုင်ရာများ၊ ဟိုတယ် GM ၊ မန်နေဂျာများ ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြသည်။

ဖျာပုံမြို့နယ်တွင် ကော်ဖီပင်ဧက(၁၀၀) စိုက်ပျိုးသွားမည်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ တောင်သူများ ကော်ဖီသီးနှံ စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေတိုးပွားစေရေး၊ သီးနှံစွမ်းအားတိုးတက်မြင့်မားလာစေရေး၊နှစ်ရှည်သီးပင်များကြားတွင် ကော်ဖီပင် ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် မြေတစ်ယူနစ်ဧရိယာ တိုးတက်ကာ မြန်မာ့ကော်ဖီ ကမ္ဘာ့စျေးကွက်သို့ ထိုးဖောက်နိုင်စေရန်ရည်ရွယ်၍ ကော်ဖီပျိုးပင်များပေးအပ်ခြင်းနှင့် စုပေါင်းစိုက်ပျိုးခြင်းကို အောက်တိုဘာ ၁၃ ရက်နေ့ နံနက်ပိုင်းက ဖျာပုံမြို့နယ်၊ သလိပ်ကြီးကျေးရွာအုပ်စု၊ မယ်ညိုကျေးရွာ၊ ကွင်းအမှတ်(၄၅၆)၊ ဦးပိုင်အမှတ် ၂၅/၇ရှိ တောင်သူဦးမျိုးမြင့်၏ ဥယျာဥ်ခြံမြေတွင် ပြုလုပ်ခဲ့သည်။

ငရုတ်ကောင်းမြို့(အ-ထ-က)ကျောင်းအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့ (အ-ထ-က)ကျောင်းအတွင်း မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အောက်တိုဘာ ၁၃ ရက်နေ့ နံနက် ၁၁ နာရီက လိုက်လံစစ်ဆေးခဲ့ကြသည်။

ရေကြည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် အောင်နိုင်တိုးစပါးမျိုးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်ဆီဆုံကုန်းကျေးရွာအုပ်စု၊ ဆီဆုံကုန်းရွာရှိ တောင်သူဦးနိုင်ဝင်းဆွေ၏ လယ်မြေတွင် ၂၀၂၅-၂၀၂၆ ခုနှစ် အောင်နိုင်တိုးစပါး မျိုးစံကွက်ရိတ်သိမ်းပွဲကို အောက်တိုဘာ ၁၃ ရက်နေ့ နံနက် (၉)နာရီခွဲအချိန်က ကျင်းပခဲ့သည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ မဲစာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် လုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ မြို့နယ်ကော်မရှင်အဖွဲ့ဝင်များမှ မဲစာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး လုပ်ငန်းဆောင်ရွက်မှုများကို ယနေ့နံနက်ပိုင်းကမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟင်္သာတမြို့နယ် မီးသတ်ဦးစီးဌာနမှူးရုံး၌ အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း၊ (၁/၂၀၂၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ ရုံးကြီးရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ မြို့နယ်မီးသတ်ဦးစီးဌာနမှူးရုံး၊ သင်တန်းခန်းမတွင် အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း၊ (၁/၂၀၂၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါနေရာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့နယ်အတွင်း (ပထမအကြိမ်) ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ အမည်စာရင်းများ ကပ်ထားကြေညာထားရှိမှုအား ပြည်သူများ နေ့စဉ်လာရောက်ကြည့်ရှုလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောင်ပွဲကျင်းပနိုင်ရေး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ အမည်စာရင်းများကို (ပထမအကြိမ်) ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် စက်တင်ဘာလ ၃၀ ရက်နေ့မှစ၍ ကပ်ထားကြေညာလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဒေသခံပြည်သူများက လာရောက်ကြည့်ရှုလျက်ရှိကြသည်။

ငါးသိုင်းချောင်းမြို့တွင် လူငယ်များအသိပညာဗဟုသုတတိုးပွားစေရန် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့တွင် လူငယ်များအသိပညာ ဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရေကြည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို အခြေခံပညာအထက်တန်းကျောင်း(ခွဲ) တက်ဆိပ်ကျောင်း၌ ယနေ့နံနက်(၁၀း၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ပန်းတနော်မြို့နယ်တွင် အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ၌ အလယ်ပိုင်းရပ်ကွက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဓနုဖြူမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၅)ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက် (၉)နာရီက မြို့နယ်မီးသတ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး