ဓနုဖြူမြို့နယ်တွင် ကမ္ဘာ့စားသုံးသူ အခွင့်‌အရေးများနေ့ အထိမ်းအမှတ် “ထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချ စားသုံးသူဘဝ” မြေစိုက်ပိုစတာစိုက်ထူ

ဓနုဖြူ မတ် ၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့စားသုံးသူ အခွင့်‌အရေးများနေ့ အထိမ်းအမှတ် "ထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချစားသုံးသူဘဝ"မြေစိုက်ပိုစတာစိုက်ထူပွဲကို ယနေ့ မတ်လ ၆ ရက်နေ့ နံနက် ၉ နာရီအချိန်က အမှတ်(၈)ရပ်ကွက်၊ နာရီစဥ်အနီးလမ်းဆုံ၌ စိုက်ထူခဲ့သည်။

ရှေ့ဦးစွာ ကမ္ဘာ့စားသုံးသူအခွင့်‌အရေးများနေ့အထိမ်းအမှတ် “ထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချစားသုံးသူဘဝ” မြေစိုက်ပိုစတာအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့်တာဝန်ရှိသူများက အမွှေးနံ့သာရေများပက်ဖြန်းခဲ့ပြီး စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့သည်။

ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ဝေသည့် “ကုန်အညွှန်းအမှတ်အသားပြည့်စုံမှ စိတ်ချယုံကြည်စားသုံးကြ” လက်ကမ်း စာစောင်နှင့်စားသုံးသူအခွင့်အရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာ‌စောင်များကို လမ်းသွား၊ လမ်းလာများ၊ ခရီးသွားပြည်သူများနှင့် မြို့မဈေးအတွင်းဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား စားသုံးသူအခွင့်အရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်