ညောင်တုန်းမြို့နယ်၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ မြေစိုက်ပိုစတာဗီနိုင်းဆိုင်းဘုတ်စိုက်ထူပွဲ အခမ်းအနားကျင်းပ

ညောင်တုန်း မတ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ မြေစိုက်ပိုစတာဗီနိုင်းဆိုင်းဘုတ် စိုက်ထူပွဲအခမ်းအနားကို အမှတ် (၃) ရပ်ကွက်ရှိ စားသုံးသူရေးရာဦးစီးဌာနရုံးရှေ့၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးအရာရှိဦး‌အောင်လွင်နှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ လူမှုရေးအသင်း အဖွဲ့များ စုစုပေါင်းအင်အား(၁၁၀)ဦးခန့်တက်ရောက်ခဲ့ပြီး တာဝန်ရှိသူများက ကမ္ဘာ့စားသုံးသူ အခွင့်‌အရေးများနေ့ အထိမ်းအမှတ် “ထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချစားသုံးသူဘဝ” ဗီနိုင်းဆိုင်းဘုတ်အား အမွှေးနံ့သာများ ပက်ဖျန်းဖွင့်လှစ်ခြင်းနှင့် “ကုန်အညွှန်းအမှတ်အသားပြည့်စုံမှ စိတ်ချယုံကြည်စားသုံးကြ” စားသုံးသူဆိုင်ရာ အသိပညာပေး လက်ကမ်းစာ‌စောင်များ ဖြန့်‌ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)