ပန်းတနော် မတ် ၆
၂၀၂၆ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့် အရေးများနေ့ World Consumer Rights Day ကို ဂုဏ်ပြုသောအားဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများပူးပေါင်း၍ စားသုံးသူအသိပညာပေး ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ယခုနှစ် ဆိုင်းဘုတ်တင်ပွဲ၏ အဓိကရည်ရွယ်ချက်မှာပြည်သူများ မိမိတို့၏ စားသုံးသူ အခွင့်အရေး (Consumer Rights )ကို ပိုမိုသိရှိနားလည်လာစေရန်၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူရာတွင် ဘေးအန္တရာယ်ကင်းရှင်းပြီး စံချိန်စံညွှန်းပြည့်မီစေရန်၊ နစ်နာမှုများရှိပါက တိုင်ကြားနိုင်သည့် လမ်းကြောင်းများကို လူထုကြားပျံ့နှံ့စေရန် ဖြစ်သည်။
အဆိုပါဆိုင်းဘုတ်ကို လူစည်ကားရာနေရာဖြစ်သော မြို့မဈေးကြီးအနီး ဂုံမင်းလမ်းနှင့် သီဟလမ်းထောင့်၌ စိုက်ထူခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)