မြောင်းမြ မတ် ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မတ်လ (၁၅) ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ (World Consumer Day) ၏ ဆောင်ပုဒ်ဖြစ်သည့် “ထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချစားသုံးသူဘဝ” ဆိုင်းဘုတ်ဖွင့်ပွဲအား ယနေ့နံနက် (၉း၃၀)အချိန်က (၇) လမ်းဒေါင့်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြောင်းမြခရိုင် စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပတ်ဖျန်းခဲ့သည်။ ထို့နောက် မှတ်တမ်းတင် ဓါတ်ပုံများရိုက်ကူးခဲ့ပြီး အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြောင်းမြခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများက စားသုံးသူများနေ့အကြို Campaign အတွက် Pamphlet များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇေယျာ (ပြန်/ဆက်)