မန္တလေးတိုင်းဒေသကြီး

မတ္တရာမြို့နယ်၌ မီးဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်နည်းသရုပ်ပြ

မန္တ‌လေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း လေ့ကျင့်ခြင်းကို ဇွန် ၂၄ ရက် နံနက် ၁၀ နာရီက ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတွင်  ဆောင်ရွက်ခဲ့‌သည်။

အ.ထ.က ကျောက်မီး၌ ရက် ၁၀၀ စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများနေ့ချင်းပြီး ဆောင်ရွက်

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရက် (၁၀၀) လမင်းစီမံချက်ဖြင့် ကျောက်မီး အ.ထ.က ကျောင်း၌ ယနေ့နံနက် ၁၀ နာရီက ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်‌ပေးလျက်ရှိသည်။

မန္တလေးတိုင်းဒေသကြီးအဆင့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနား ကြိုတင်ပြင်ဆင်

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအဆင့် (၃၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနား ကြိုတင်ပြင်ဆင်ခြင်းကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် လေယာဥ်ကွင်းဟောင်း၌ ကျင်းပပြုလုပ်သည်။

ညောင်ဦးမြို့ စာသင်တိုက်များတွင် ပရိယတ္တိစာပေများ သင်ကြားလျက်ရှိသည့် ရဟန်း၊ သာမဏေ၊ သီလရှင် ၆၉၃ ပါးတို့အား ဆွမ်းဆန်၊ ပဲနီပြား၊ မြေပဲဆီလောင်းလှူနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ စာသင်တိုက်ကြီးများတွင် ပရိယတ္တိစာပေများ သင်ကြားလျက်ရှိသည့် စာသင်သား၊ရဟန်းဦသာမဏေ၊ သီလရှင် ၆၉၃ ပါးတို့အား ဆွမ်းဆန်၊ ပဲနီပြား၊ မြေပဲဆီလောင်းလှူနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် ၂၄ ရက် နံနက် ၁၀ နာရီခွဲက မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ရုံးခန်းတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများ၌ တက်ရောက်ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးခြင်း မုန့်ဈေးဆိုင်များ ကျန်းမာရေးနှင့်ညီညွတ်မှုရှိစေရန် စစ်ဆေးဆောင်ရွက်လျက်ရှိရာ ဇွန်လ ၂၄ ရက် နံနက် ၉ နာရီက အခြေခံပညာအလယ်တန်းကျောင်း(ဂွေးဇီး)တွင် ဆောင်ရွက်ခဲ့ကြသည်။

မြင်းခြံမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီ စာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

၂၀၂၆ -၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ပြည်ကြီးတံခွန်မြို့နယ် သမဝါယမအသင်းများ၏ ဝင်ငွေ ကြေညာလွှာပေးအပ်ပွဲ အခမ်းအနားကျင်းပ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ပြည်တွင်းအခွန်များ ဦးစီးဌာနသို့ ၂၀၂၆-၂၀၂၇ဘဏ္ဍာနှစ်၊ မြို့နယ်သမဝါယမ အသင်းစုများ၏ ဝင်ငွေကြေညာလွှာပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

ရမည်းသင်းမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးရေးပွဲတော် အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးဆောင်၍ သဘာဝပတ်ဝန်းကျင်စိမ်းလမ်းစိုပြေရေးနှင့် သာယာလှပမှုရရှိစေရေးအတွက် ၂၀၂၆ ခုနှစ်၊ လူထုလုပ်ရှားမှုအသွင်ဖြင့် မိုး ရာသီသစ်ပင်စိုက်ပျိုးရေးပွဲတော် အခမ်းအနားကို ဇွန် ၂၅ နံနက် ၈ နာရီက သီလဝဂေါက်ကွင်းအတွင်း၌ ကျင်းပသည်။

ပြင်ဦးလွင်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်‌ပေးခြင်းနှင့် UID ထုတ်ပေးခြင်းများ ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင်လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား၀န်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရ၏ ရက်၁၀၀လမင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းနှင့် UID ထုတ်ပေးခြင်းများကို ယနေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့၊ အမှတ်(၁) အခြေခံ ပညာ အထက်တန်းကျောင်း၌ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။

မြစ်သားမြို့နယ် အခြေခံပညာနှင့်စက်မှု စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း၌ လူငယ်လူရွယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးလူငယ်စကားဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း၌‌   ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးများ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ဇွန် ၂၃ ရက် နံနက် ၉ နာရီခွဲက အဆိုပါကျောင်း ကျန်စစ်သားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး