ပြင်ဦးလွင် ဇွန် ၂၅
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင်လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား၀န်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရ၏ ရက်၁၀၀လမင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းနှင့် UID ထုတ်ပေးခြင်းများကို ယနေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့၊ အမှတ်(၁) အခြေခံ ပညာ အထက်တန်းကျောင်း၌ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ပြင်ဦးလွင်မြို့နယ်၊ လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ထူးနှင့် မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိဦးထင်လတ်တို့၏ ကြီးကြပ်မှုဖြင့် ဒု-လ၀ကမှူး ဒေါ်မျိုးမျိုးစိုးနှင့် အဖွဲ့များသည် ကျောင်းသား၊ကျောင်းသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားနိုင်-၃(က) ကျား၅၀ဦး၊ မ၆၂ဦး၊ စုစုပေါင်း ၁၁၂ ဦးအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းနှင့် UID ထုတ်ပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်နေမှုအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဇော်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်နှင့် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ကော်မတီအဖွဲ့၀င်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးခိုင်နှင့် အဖွဲ့ဝင်များမှ လာရောက်ကြည့်ရှုပြီး ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UIDတို့အား ပေးအပ်ခဲ့ကြောင်း သိရသည်။ အလားတူ အခြေခံပညာကျောင်းများတွင်လည်း ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သွေးသွေး (ပြန်/ဆက်)