ပုသိမ်ကြီး ဇွန် ၂၅
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရက် (၁၀၀) လမင်းစီမံချက်ဖြင့် ကျောက်မီး အ.ထ.က ကျောင်း၌ ယနေ့နံနက် ၁၀ နာရီက ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ဆောင်ရွက်ရာသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဆွေသန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန ခရိုင်ဦးစီးမှူး ဦးမောင်မောင်အေး၊ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ရီနှင့် ဝန်ထမ်းများ၊ အ.ထ.က ကျောက်မီးကျောင်းအုပ်ကြီး ဦးမောင်မောင်နှင့် ဆရာဆရာမများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်၍ ကျောင်းသား၊ ကျောင်းသူ (၈၃) ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Biometric ကောက်ယူ ခြင်းလုပ်ငန်းများကို နေ့ချင်းပြီးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရွှေရန်ကင်း