မန္တလေးတိုင်းဒေသကြီး မြို့ဝင်မြို့ထွက်စစ်ဆေးရေးဂိတ်များမှ တရားမဝင်စက်သုံးဆီများနှင့်ကုန်စည်များဖြတ်သန်းသယ်ဆောင်မှုမရှိစေရေး စစ်ဆေးရေးဂိတ်များရှိ ပူးပေါင်းစစ်ဆေးအဖွဲ့များအလိုက် တာဝန်ရှိသူများအနေဖြင့် ထုတ်ပြန်ထားသည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာကာ လုံခြုံရေးအသိ၊ လုံခြုံရေးသတိတို့ဖြင့် ထိရောက်စွာ တားဆီးဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ခရီးသွားပြည်သူများသွားလာမှုအခက်အခဲမဖြစ်ပေါ်စေရေး၊ ယာဉ်ကြောကြပ်တည်း မှုနှင့်ရှုပ်ထွေးမှုများမဖြစ်ပေါ်စေရေး စနစ်တကျကြပ်မတ်ကာ တရားမဝင်ကုန်သွယ်မှုတားဆီးရေးလုပ်ငန်းများတွင် ထိရောက်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က ပြောကြားသည်။