ချမ်းမြသာစည် ဇွန် ၂၅
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအဆင့် (၃၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနား ကြိုတင်ပြင်ဆင်ခြင်းကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် လေယာဥ်ကွင်းဟောင်း၌ ကျင်းပပြုလုပ်သည်။
ဦးစွာ အခမ်းအနား ကြိုတင်ပြင်ဆင်ခြင်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်စွာထွန်း၊ တိုင်းဒေသကြီး ယာယီရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ကျော်စိုးဝင်းနှင့် မှုးယစ်ရဲတပ်ဖွဲ့မှူး၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ဗဟိုအဆင့် စာပေဂီတ ဆုရရှိသူများ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲများတွင် ဆုရရှိ အခြေခံပညာကျောင်းသား/သူများနှင့် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်ခဲ့သူများအား ဆုချီးမြှင့်ခြင်း အစီအစဥ်များ ကြိုတင်လေ့ကျင့်ခြင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော မူးယစ်ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ဆောင်ရွက်ချက် ဗွီဒီယိုပြသမည့် အစီအစဥ်များ၊ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးမည့် အစီအစဉ်များအား လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အလင်းသစ် (ပြန်/ဆက်)